နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄
ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊
ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင်
သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားတယ်လို့ ကုမ္ပဏီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အသိ
ပေး ရေးသားထားပါတယ်။
ဓာတ်ပုံ- Telenor Myanmar's facebook
Telenor ကုမ္ပဏီဟာ မြန်မာနိုင်ငံ
ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိတဲ့
နိုင်ငံတွေမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး
ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု
ပေးခြင်းနဲ့ Call Center များဖြင့် ဝန်ဆောင်မှု ပေးနေတယ် လို့ ဆိုပါတယ်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့ အတွက်
မြန်မာနိုင်ငံ အတွက်လည်း
ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ်
ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX
Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ
ပြောထားပါတယ်။
ကုမ္ပဏီက တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မယ်လို့လည်း ဆိုထားပါတယ်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို
ကမ္ဘာ့အဆင့်မီစေဖို့ မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နဲ့
LTE (4G) နည်းပညာများကို အသုံးပြုသွားမည်လို့ တင်ဒါ အောင်မြင်ပြီးနောက်
Telenor က ကြေညာခဲ့ပါတယ်။
မိုဘိုင်းလ် ကွန်ရက်ကို
ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး
ဆက်သွယ်ရေးဝန်ဆောင် မှုတွေကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ)
အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွား မည်ဟု ဆိုပါတယ်။
ဝန်ထမ်း ခန့်ထားရန်နဲ့ ရေရှည်
မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ
သင်တန်းကျောင်းမှာ မြန်မာ သင်တန်းသားတွေ လက်ခံသွားမည် ဖြစ်ပြီး
မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမှာ ဖြစ်ပြီး
မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆို သည့် Telenor က
ဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာတော့ dtac ဟု အမည်တပ်ထားပါတယ်။ ထိုင်းရောက် မြန်မာတွေတော်တော်များများဟာ
ခေါ်ဆိုခနှုန်းထား သက်သာပြီး အလွယ်တကူ ဈေးချိုချိုနဲ့ ဆင်းမ်ကတ်ဖြစ်တဲ့ dtac ကို သုံးစွဲကြပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment