ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ဘင်္ဂါလီတွေ
မဲပေးခွင့်ရှိနေတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးက အရေးတကြီး
အမြန်ဆုံး ဖျက်သိမ်းရမဲ့ကိစ္စပါ။ အခုကြံ့ခိုင်ရေးပါတီက လုပ်ချင်နေတဲ့ ပီအာ
အချိုးကျမဲပေးစနစ်နဲ့ ဒီယာယီလက်မှတ်ကိုင်ထားတဲ့ ဘင်္ဂါလီတွေ
မဲပေးပိုင်ခွင့်သာ ပေါင်းလိုက်ရင် ၂၀၁၅မှာ လွှတ်တော်ပေါ်မှာ ဘင်္ဂါလီအမတ်တွေ
အယောက်၂၀မကဘူး ရောက်လာပါလိမ့်မယ်။
လွှတ်တော်အမတ်များ
နိုင်ငံရေးပါတီခေါင်းဆောင်များအနေနဲ့ နိုင်ငံကို တကယ်ချစ်တယ်ဆိုရင်
ဆိတ်ဖမ်းပြီး မယောင်ရာဆီလူး ချစ်တီးခေါင်းသန်းရှာနေမဲ့အစား ဒီကိစ္စကို
တိုက်ဖျက်သင့်ပါတယ်။ ဒီမိုကရေစီ ဘိုးအေကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့
ယူကေနိုင်ငံမှာတောင် အမြဲတမ်းနေထိုင်ခွင့်ရပေမဲ့ full citizen
မဖြစ်သေးသူတွေဟာ မဲပေးခွင့်မရပါဘူး။ မြန်မာပြည်မှာ
အမြဲတမ်းနေနိုင်ခွင့်တောင် မရသေးတဲ့ တရားမ၀င် ခိုးဝင်သူတွေဟာ နိုင်ငံရဲ့
အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုထားသူဟာ လုံးဝ
မဖြစ်သင့်ပါဘူး။
ဒီကိစ္စကို ခွင့်ပြုထားသူတွေ၊ တာဝန်ရှိသူတွေ၊
သိပါလျက်နဲ့ ဒီကိစ္စကို မဆန့်ကျင်သူတွေဟာ နိုင်ငံနဲ့လူမျိုးကို
သစ္စာဖောက်နေသူ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်မရှိသူတွေ
အမျိုးသားသစ္စာဖောက်လောက်ကောင်များသာဖြစ်တယ်လို့ဘကတအဖွဲ့က ယုံကြည်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်များ၊
လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနဲ့ ရဟန်းရှင်လူပြည်သူအားလုံးဟာ
ခုလို နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်မဲ့ ရွေးကောက်ပွဲမှာ
တရားမ၀င်ခိုးဝင်သူတွေက မဲပေးဆုံးဖြတ်ခွင့်ပေးနိုင်ခွင့်ရထားတာကို
ဖျက်သိမ်းနိုင်ဖို့ အမြန်ဆုံး (အမြန်ဆုံး) လုပ်ဆောင်ကြဖို့ အရေးတကြီး
နှိုးဆော်လိုက်ပါတယ်။
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
============================================
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည်
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်
ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထား
Saturday, 22 June 2013
ယာယီသက်သေခံလက်မှတ်
ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊
တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏
ပုဒ်မ ၆ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ ရွေးကောက်ပွဲ
ဥပဒေများ၏ ပုဒ် မ ၆ တွင် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည်
အမျိုးသား၊ အမျိုးသမီး မရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး
ပိုင်ခွင့်ရှိသည် - (က) ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင်
အသက်(၁၈)နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော
နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ (သို့မဟုတ်)
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏
မဲစာရင်းတွင် ပါဝင်သူဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ယာယီသက်သေခံ
လက်မှတ် (White Card) များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်အစိုးရ လက်ထက်က
ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီသက်သေခံလက်မှတ်
ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော
ဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက် နေထိုင်ကြောင်း
အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု
သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌
အဆိုပါ ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို
မဲပေးခွင့် ပြုခဲ့ကြောင်း သိရသည်။
အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး
အမြင့်ဆုံး စံနမူနာပြသည့် နိုင်ငံမျိုးတွင်ပင် အမြဲတမ်း နေထိုင်ခွင့်ကတ်
(Green Card) ကိုင် ဆောင်ထားသူများ မဲပေးခွင့် မရှိဘဲ မြန်မာနိုင်ငံတွင်
White Card ကိုင်ဆောင်ထားသူ များကို မဲပေးခွင့် ပြုထားသည့် အချက်မှာ
ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က
Eleven Media Group သို့ ပြောကြားထားသည်။
တောင်ကြီးမြို့တွင်
ဇွန်အစောပိုင်းက ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသား ပါတီများ
ဖက်ဒရေးရှင်း (၁၅) ပါတီ၏ အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများ၊
နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်
ပြုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှောင့်ယှက်ထိပါးနိုင်၍
၎င်းနှင့်ပတ်သက်သည့် ဥပဒေပုဒ်မများကို ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်း
သဘောတူခဲ့သည်။
Eleven Media Group
လင့်
Subscribe to:
Post Comments (Atom)
Post a Comment