စာပေအသိနှင့် ဘ၀အသိ

ပညာဒါန ကျောင်းတစ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာကျက်နေသော ကျောင်းသူတစ်ဦးအား တွေ့ရစဉ်

အသိဟူသည် ဆင်ခြင်တတ်မှု နားလည်အမှု ဖြစ်သည်။ သတိဟူသည် တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်း ဖြစ်သည်။ အသိဟူသော ဆင်ခြင်တတ်မှု၊ နားလည်မှုတို့ကို ဥာဏ်ဟူသော သိမြင်တတ်သော တရား၊ အသိတရား၊ ပညာတို့ဖြင့် ပေါင်းစည်းလျှင် တွေးခေါ်မြော်မြင်တတ်သော လူငယ်၊ ဆင်ခြင်တတ်သော အသိဥာဏ်ကို လည်းကောင်း၊ သိတတ်မှု လိမ္မာမှုဟူသော အသိတရားကို

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြင်ဆင်မည် ဆိုခြင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရှင်းလင်းစဉ်
 ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြင်ဆင်မည် ဆိုခြင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ပြင်ဦးလွင် မြို့တွင် ယနေ့ နေ့လယ်က ပေါက်ကွဲမှု ဖြစ်ပွား

မန္တလေး ဇွန် ၃၀
ပြင်ဦးလွင် မြို့လယ်တွင် ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင် ဒေသခံများ ထံမှ သိရသည်။ ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ ပေခန့် အကွာ ဈေးေ လး အနီး နေမင်း ဂျုံစက် အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီး တစ်ဦးနှင့် ဗိုလ်လောင်း သင်တန်းသား တစ်ဦး ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာ မရှိအောင် စုတ်ပျက် သွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောသည်။ အုန်း အသံကျယ်ကြီး ကြားရတယ်။ ကျွန်တော့်ရှေ့တင် ဖြစ်သွားတာ။ ထိခိုက်သူတွေကို လူနာတင်ကားနဲ့ ခေါ်သွားတာ တွေ့တယ်။ တခြား ထိခိုက်တာတော့ မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို ထိသွားတာတွေ့တယ် ဟု ပြင်ဦးလွင် ဒေသခံ ကိုနေမျိုးက ပြောသည်။
ဖိုးလပြည့်

From: Popular Myanmar News Journal





တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးကို ကန့်ကွက်၊ ဦးသိန်းစိန်ကို ထောက်ခံသော ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)


တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးပုံနဲ့ ဆောင်းပါးကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာနဲ့ လူပုဂ္ဂိုလ် ၄ဝဝလောက်ဟာ ဇွန်လ ၃ဝရက်နေ့ မနက်မှာ ရန်ကုန်မြို့ မြို့တော် ခမ်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Posted by  

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖော်ပြသည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် ဆန္ဒပြ

ဇွန် ၃၀ ရက်က ဆန္ဒထုတ်ဖော်နေသည့် သံဃာတော် တစ်ပါးအား တွေ့ရစဉ်

ဗုဒ္ဓဘာသာမှာ အစွန်းရောက် ဘာသာဟု ရေးသားဖ်ာပြခဲ့သည့် တိုင်းမဂ္ဂဇင်းနှင့် ရေးသားသူအား ကန့်ကွက်ကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော်တို့မှ ဆန္ဒပြမှု ဇွန်လ ၃၀ ရက်နေ့တွင် ဆူးလေစေတီတော်အနီး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Google ကနေငွေလွှဲပြောင်းနိုင်ပြီ


Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 

Saturday, June 29, 2013

ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်


 

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာကျင်းပတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။

ဖန်ပြားနဲ့ထုပြီးဖိနပ်နဲ့အရိုက်ခံရတဲ့ ကလေးငယ် ဥပဒေအတိုင်း ဖြစ်ချင်လို့ တရားရုံးတိုင်ကြား

အရိုက်ခံရသည့် စက်ဘီး စခန်းစောင့် ကလေးလုပ်သား (မောင်အောင်ရဲထွန်း
 
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ ပျံကျဈေးတွင်(၂၁.၆.၂၀၁၃)နံနက်(၈)နာရီ
တွင် စည်ပင်သာယာ လေလံချထားသော စက်ဘီးအပ် စခန်းစောင့် လုပ်သား ကလေးငယ်တစ်ဦးအား ပျံကျဈေးသည် အမျိုးသမီးမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ(၂၁.၆.၂၀၁၃)၊ နံနက်(၈)နာရီ အချိန်တွင် စက်ဘီးအပ်စခန်းသို့ စက်ဘီးတစ်စီး လာရောက်
အပ်နှံရာ စက်ဘီးအပ် စခန်းနောက်တွင်ရှိသော ပျံကျဈေးဆိုင်ခန်း မှ အမျိုးသမီးက ၎င်းတို့ဆိုင်နှင့်မလွတ်ဟုဆို၍ စက်ဘီး စခန်းစောင့် ကလေးလုပ်သား (မောင်အောင်ရဲထွန်း)ကို ရွှေ့ခိုင်းခဲ့သည်။

Telenor မိုဘိုင်းဖုန်းကုမ္ပဏီက ဘာသတင်းထုတ်ပြန်လိုက်လဲ

နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားတယ်လို့ ကုမ္ပဏီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အသိ
ပေး  ရေးသားထားပါတယ်။ 

ဓာတ်ပုံ- Telenor Myanmar's facebook
Telenor ကုမ္ပဏီဟာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနဲ့ Call Center များဖြင့် ဝန်ဆောင်မှု ပေးနေတယ် လို့ ဆိုပါတယ်။ 

လက်ပံတောင်းဖြိုခွင်းမှု ၇ လပြည့် လူ ၅ဝဝ ကျော်ဆန္ဒပြ

လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာပြည်က စီးပွားရေးဆိုင်ရာဥပဒေတွေ ခေတ်နဲ့လျောညီအောင်လုပ်ဖို့ ဥပဒေပါမောက္ခပြော

မြန်မာပြည်က စီးပွားရေးဆိုင်ရာ ဥပဒေတွေဟာ ခေတ်နောက်ကျနေတာကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းတွေ ဝင်လာတဲ့အခါမှာ နိုင်ငံတကာယုံကြည်စိတ်ချမှုရှိေ
စမယ့် ဥပဒေတွေဖြစ်အောင် လုပ်သင့်တယ်လို့ ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခက ဇွန်လ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by
မင်္ဂလာပါခင်မျာ..ကနေ့ ဘဲငွေရှာနည်းစာအုပ်ထွက်မယ်ဆိုပြီးကျနော်မနက်ခင်းပိုင်းကတည်းက ကြော်ငြာ
ခဲ့ပါတယ်..အခုညနေ ပိုင်းမှာတော့ စာအုပ်လေးကို Beta Version အနေနဲ့ထုတ်ပေးလိုက်ပါပြီခင်မျာ..
Beta Version ဆိုတာ Error ပါနိုင်တဲ့ အနေအထားဖြစ်ပြီး Error များတွေ့ရှိပါက အချိန်နဲ့တပြေးညီ ပြုပြင်
ပေးပါ့မယ်လို့ ဆိုလိုထားခြင်းဖြစ်ပါတယ်. ဒီနည်းလမ်းကိုနော်ကိုယ်တိုင်လဲ လက်တွေ့လုပ်ဆောင်နေပါ
တယ်..လိုက်ပါလုပ်ဆောင်သူများအဖို့လည်း လုံးဝ (လုံးဝ) ဘေးမဖြစ်စေရဘူးလို့အာမခံပါတယ်ခင်ဗျာ။

သရုပ်ဆောင် ဘုန်းလျှံ အား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံခြားက မိန်းမကို လက်ထပ်ယူခဲ့တဲ့ မြန်မာနိုင်ငံ သမ္မတကြီး

မြန်မာနိုင်ငံမှာ လက်ရှိသမ္မတ ကြီး ဦးသိန်းစိန်အပါအဝင် သမ္မတ ၈ ဦးရှိပါ တယ်။ အစဉ်လိုက်အားဖြင့် စဝ်ရွှေသိုက်၊ ဦးဘဦး၊ ဦးဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်နဲ့ ဦး သိန်းစိန်တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ အိမ်ထောင်မရှိတဲ့လူပျိုကြီး တစ်ယောက်မှ မပါဘဲ အားလုံးက အိမ်ထောင်သည်များ ဖြစ်ကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးကျင်းပမည်

ကချင်ပြည်နယ် တာလောကြီးဒေသဌာနေ ပြည်သူ့စစ်များကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ

မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ

"ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြစ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ပြည်တွင်းက ကျွန်းနဲ့သစ်တွေ ပြည်ပရောက်၊ ပြည်ပက ကြိတ်သားပရိဘောဂ အသုံးများ

ကုန်ကြမ်းအတွက် အခြေခံ ကျွန်းနဲ့ အခြားသစ်မာတွေ ပြည်တွင်းမှာ ရှားပါးလာတာကြောင့် ပြည်ပကဝင်ရောက်လာတဲ့ ကြိတ်သားနဲ့ပြုလုပ်တဲ့ ပရိဘောဂတွေ ရောင်းအားကောင်းလာပြီလို့ ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောဆိုခဲ့ပါတယ်။

Posted by

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အနည်းဆုံး တစ်ဦးစီဖြင့် အချိုးကျ ဖွဲ့စည်းရန် လျာထား

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် အချိုးကျ ဖွဲ့စည်းရန် လျာထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကော်မတီကို လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ ၂၀ မှ ပူးပေါင်းကော်မတီဝင် ၁၀၇ ဦး လျာထားပြီး လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ် အချိုးကျ အရေအတွက်အရ အနည်းဆုံး တစ်ဦးပါဝင်နိုင်စေရန်အတွက် တစ်ရာခိုင်နှုန်း မပြည့်သည့် နိုင်ငံရေး ပါတီများအတွက် ဖြည့်စွက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်မှာ လာမည့်သုံးနှစ်အတွင်း အနှစ် ၂၀ ကျော်ခန့် တည်မြဲနိုင်မည့် အာဏာရှင်စနစ် လွှမ်းမိုးသော ဖက်စပ်ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပေါ်လာနိုင်

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ လာမည့်သုံးနှစ်အတွင်း အနှစ် ၂၀ ကျော်ခန့် တည်မြဲနိုင်မည့် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် ရောထွေးနေပြီး အာဏာရှင်စနစ် လွှမ်းမိုးမည့် ဖက်စပ်ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပေါ်လာနိုင်ကြောင်း အသွင်ကူးပြောင်းသည့် ဒီမိုကရေစီ နိုင်ငံများအား လေ့လာနေသည့် The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။

ယခုနှစ်တွင် ပိတ်ဆို့မှုများ ဖြေလျှော့အပြီး အထည်ချုပ်စက်ရုံ ၁၃ ရုံ တိုးလာ

ယခုနှစ်အတွင်း အထည်ချုပ် စက်ရုံ ၁၃ရုံ တိုးလာသော်လည်း အဆိုပါစက်ရုံ အားလုံးသည် လက်ခစားစနစ် အပေါ် အခြေပြုသည့် CMP လုပ်ငန်းများသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

Friday, June 28, 2013

ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်လျှင် လူရွှင်တော်အဖွဲ့က ငြိမ်းချမ်းရေးအောင်ပွဲကို အောင်ဆန်းကွင်းတွင် ဖျော်ဖြေမည်

ဇူလိုင်၂၇ရက်နေပြည်တော် ၌ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲပြီးလျှင် လူရွှင် တော်အဖွဲ့မှ ဦးဆောင်၍ ငြိမ်း ချမ်းရေးအောင်ပွဲအနေဖြင့်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာပွဲ ကို ရန်ကုန်မြို့အောင်ဆန်းကွင်း ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန် ၂၄ ရက်တွင် လူရွှင် တော် ဦးဇေယျကပြောသည်။

အက်ဖ်အီးစီ မနေ့က ဇတ်သိမ်းခန်း တိုင်သွားခဲ့ပြီ

မနေ့က နောက်ဆုံးထားပြီး အက်ဖ်အီးစီကို ဒေါ်လာနဲ့ ဖြစ်ဖြစ် ကျပ်နဲ့ ဖြစ်ဖြစ် နောက်ဆုံးထား လဲခွင့်ပြု

မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကစပြီး နှစ် ၂ဝ ကြာ အမေရိကန် ဒေါ်လာ အစား သုံးခဲ့တဲ့ အက်ဖ်အီးစီကို အသုံးပြုခွင့် ပေးခဲ့တာဟာ မနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ JSC Admiralty Shipyards သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် ၂၈
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၇ ရက်၊ ညနေပိုင်းတွင် JSC Admiralty Shipyards သို့သွားေ ရာက် လေ့လာရာ Director General Ale-xander  Dudakov နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား JSC Admiralty Shipyards ရှိ အစည်းအဝေး ခန်းမတွင် Chief of Regional Department (Sederal Service for Military-Technical Cooperat-ion), igor pletnev မှ စက်ရုံ၏ သမိုင်း၊ သင်္ဘော တည်ဆောက်မှု ဆိုင်ရာများ၊

ကလစ် ၂ ချက်နှိပ်ရုံနဲ့ ဖူးဗားရှင်းဖြစ်တဲ့ IDM 6.17 Build 1


မြန်ချက်ဒီနေ့တော့ IDM က 6.17 Build 1 ကို Just Double Click

တန်းပေးလိုက်တယ် Patch တွေ Crack ဖိုင်တွေ မဖြည်တက်တဲ့ သူငယ်ချင်းတွေအတွက်တော့

အလွန်ကောင်းတာပေါ့ဗျာ ကဲကဲနောက်မကျအောင် update လေးကို

အောက်မှာဒေါင်းသွားလိုက်ပါ


ကိုလတ်(ကျွဲဆင်း)


ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနဲ့ ဖက်ဒရယ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စု ဖက်ဒရယ်ပုံစံဖြစ်ဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ အခု ကျင်းပ နေတဲ့ လွှတ်တော်သက်တမ်းကာလမှာ ဖက်ဒရယ် သို့မဟုတ် ပြည်ထောင်စုမူ တရပ်ကို ဆွေးနွေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။

Post by RFA 
 






ထောင်ချောက်ထဲ တိုးဝင်တော့မှာလား

အခုတလောမှာ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာ စော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ထား သူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကို မမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့သတင်းတွေ၊ ဓာတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီးလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လူတွေဖြစ်နေတာပါပဲ။

မျိုးစောင့်ဥပဒေအပေါ် နိုင်ငံရေးပါတီတွေ့ရဲ့အမြင်

ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)

တနေ့က သံဃာအစည်းအဝေးမှာ တင်သွင်းဆွေးနွေးတဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ် ထိမ်းမြားမှုကို ကန့်သတ်တဲ့ မျိုးစောင့် ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အခြေအနေအချိန်အခါအရ မဖြစ်သင့်သေးဘူးလို့ ယူဆသူတွေ များ ပါတယ်။ လွှတ်တော်ကို်ယ်စားလှယ်အများစုကတော့ တကယ်ထွက်လာမယ့် ဥပဒေမူကြမ်းပါ အသေးစိတ်ကိုတော့ လေ့လာရဦးမယ်လို့ တုံ့ပြန်ကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

မျိုးစောင့်ဥပဒေကြမ်းလှုပ်ရှားမှု ၉၆၉အဖွဲ့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ဆရာတော် ဦးဒေဝိန္ဒာဘိဝံသ မိန့်ကြား

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ
့ကိုဖွဲ့စည်းလိုက်ပြီး မျိုးစောင့်ဥပဒေကြမ်း လှုံ့ဆော်မှုဟာ ၉၆၉ လှုပ်ရှားမှုနဲ့ လုံးဝမဆိုင်ဘူးလို့ အင်းစိန်မြို့နယ် တောရတပ်ဦးကျောင်းတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာတော် ဦးဒေဝိန္ဒာ ဘိဝံသက ဇွန်လ ၂၇ရက်နေ့မှာ မိန့်ကြားလိုက်ပါတယ်။

Posted by

အစိုးရ ရုပ်သံသတင်းကို မိုဘိုင်းဖုန်းကနေ ကြည့်နိုင်တော့မယ်

ဒီကနေ့ ဖြစ်ပျက်တာတွေကို နောက်နေ့ ဆိုရင် သိကြရပါပြီ။ ဘာကြောင့်လဲ။
ဒီနေ့ဖြစ်တာတွေကို နောက်နေ့သတင်းစာတွေမှာ ထည့်သွင်းကြလို့ပါပဲ။

နောက်ကွယ်တွင် ကြိုးကိုင်နေသူ လုံးဝမရှိကြောင်း ဦးဝီရသူ မိန့်

အမျိုးသားရေး တရားများ ဟောကြားခြင်း၊ မျိုးစောင့် ဥပဒေ ပေါ်ပေါက်ရန်  ဆောင်ရွက်ခြင်း များကြောင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားအောင် ဖန်တီးလှုံ ဆော်နေသည်ဟု ဝေဖန်မှုများစွာ ရင်ဆိုင်နေရသော မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ၄င်း၏ နောက်ကွယ်တွင် ကြိုးကိုင် နေသူလုံးဝ မရှိကြောင်း မိန့်လိုက်သည်။

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည် မြင့်မားရေးနှင့် ကျန်းမာ ကြံ့ခိုင်ရေးသည် အထူး အရေးကြီး

နေပြည်တော် ဇွန် ၂၇
၂ဝ၁၂- ၂ဝ၁၃ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တက်ရောက် အားပေး ချီးမြှင့်သည်။

မြန်မာ့အပြောင်းအလဲ နဲ့ အမျိုးသမီးတွေ အခန်းကဏ္ဍ

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ အမျိုးသမီးတွေ အတွက် အလုပ်ဖြစ်နိုင်မလား"ဆိုတဲ့ ခေါင်းစဉ်နဲ့ Nang Lao Liang Won ခေါ် ဒေါ်ဌေးဌေး က NED အဖွဲ့ရုံးမှာ ဦးဆောင်ဆွေးနွေးနေစဉ်။ 

နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင် လာနေတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံလူဦးရေ တ၀က်လောက်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန် လာစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်တည်း လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့ အကြောင်း အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့က ထောက်ပြပြောဆိုနေကြပါတယ်။ ၀ါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ National Endowment for Democracy (NED) အဖွဲ့ရုံးမှာ မနေ့ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အခုလို ထောက်ပြ ခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြစဉ်။ (ဇွန် ၂၇၊ ၂၀၁၃) Photo Credit to U.S. Embassy Rangoon 

 အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက် ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန ဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာ လက်မှတ်ထိုး ခဲ့ကြတာဖြစ် ပါတယ်၊ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ် ဆိုတာကို အခု သဘောတူမှုက အာမခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

တပ်သိမ်းလယ်မြေအားလုံး ဇူလိုင် ပြန်ပေးမည်

 
တပ်မတော်က သိမ်းယူခဲ့သည့် လယ်ယာမြေများအနက် လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းမြေများမှအပ ကျန်လယ်ယာမြေ အားလုံးကို ဇူလိုင်လအတွင်း မူလ ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။

Thursday, June 27, 2013

အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သူမြန်မာမိန်းကလေးတစ်ဦး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန်လည်ကူးပြောင်း

အသက် ၁၈ နှစ်အရွယ်ခန့် ကတည်းက အစ္စလမ်ဘာသာဝင် နှင့် ခိုးရာလိုက်ပြေးခဲ့ပြီးအစ္စလာမ်  ဘာသာသို့ကူးပြောင်းခဲ့သူက အသက် ၃၀ အရွယ်တွင် ဗုဒ္ဓဘာသာ   ၀င်အဖြစ်သို့ပြန်လည် ကူးပြောင်း  ခြင်းအခမ်းအနားကို ဇွန် (၂၃) ရက်နေ့က ဒဂုံမြို့သစ်(တောင်းပိုင်း) ရှိနိကာယ်စာသင်တိုက်တွင်ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ပိဋကတ် သုံးပုံနိကာယ်ကျောင်းတိုက်ဆရာ တော်ကြီးနှင့် ထေကြီးဝါကြီး ဆရာတော်ကြီးများ ပွင့်လင်းလူ့ အဖွဲ့အစည်းနိုင်ငံရေးပါတီများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ထိုင်းဘုရင် သင်္ချိုင်းတော်ရှေ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြု လုပ်မည်

လင်းဇင်းကုန်း သင်္ချိုင်းတော်

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်  ကမ္ဘာကျော် တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သင်္ချိုင်း တွင်ရှိသော ထိုင်းဘုရင် သင်္ချိုင်းတော် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို     ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် မြန်မာပြည်မှ ထိုင်းဘုရင်ဂူ သင်္ချိုင်းတော် ပြုပြင်ထိမ်းသိမ်းရေး အဖွဲ့တို့က  ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် လင်းဇင်းကုန်း သင်္ချိုင်းတော်ရှိ ဇရပ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာပြည်အဖွဲ့ ထဲတွင်ပါဝင်သော ဦးခင်မောင်သန်း(သုတေသီ)ကပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသား များနှင့် တွေ့ဆုံသြဝါဒ စကား ပြောကြား၊ ရင်ပြင် နီသို့ ကြည့်ရ

နေပြည်တော်၊ ဇွန်- ၂၆
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်၂၅ရက် ၊ ဒေသ စံတော်ချိန် ညနေ ၆နာရီ ၄၅မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများနှင့် တွေ့ ဆုံသည်။

လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေ ကို ဂရုမစိုက်ဖို့ သူရဦးရွှေမန်းပြော

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမြင်ခြင်းမတူ သဘောထားကွဲလွဲနေတဲ့ ကောလ ဟာလ ပြောဆိုချက်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန် ကိုယ် အလေးအနက်ထား ဆောင်ရွက်သွားဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။

လယ်ယာမြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ဖော်ထုတ်အရေးယူရန် လယ်/ဆည်ဒုဝန်ကြီး ပြောကြား

 လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများရှိ လယ်မြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်းများ အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ပြဋ္ဌာန်းထားသည့် လယ်ယာမြေ ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

တရုတ်နိုင်ငံ လူမျိုးရေးအဓိကရုဏ်း ၃၅ ယောက်သေ

 
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွါးခဲ့တဲ့ အဓိကရုဏ်းတွေကနေ သေဆုံးသူ ၃၅ ယောက်အထိ တိုးသွားပြီဖြစ်ပါတယ်။ ဒီအဓိကရုဏ်းဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး အကြမ်းဘက်  အတိုက်ခိုက်ခံခဲ့ရတာလို့ တရုတ်အစိုးရက ပြောပါတယ်။

၆ ဘာသာဂုဏ်ထူးရှင်၂ ဦး အပါအ၀င် ၂၂ ဦး ထူးခြားစွာ အောင်မြင်ခဲ့သော ရပ်ကွက်ကလေး

 
 
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာ ရပ်ကွက်မှ ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ဘာသာ ၂ဦး၊ ၅ဘာသာ ၂ဦး၊ ၃ဘာသာ ၁ဦး၊ ၂ဘာသာ ၂ဦး၊
၁ဘာသာ ၂ဦး နှင့် ရိုးရိုးအောင် ၁၃ဦး  စုစုပေါင်း  ၂၂ဦး ထူးခြားစွာ အောင်မြင်ကြောင်း သိရပါသည်။

အိန္ဒိယ-ဘင်္ဂလာဒေခ်ျ့-မြန်မာ- တရုတ် လေးနိုင်ငံ ဆက်သွယ်ရေး ကားလမ်းဖေါက်လုပ်ရန် တရုတ်က အဆိုပြု

တရုတ်နိုင်ငံကနေ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလာ ပြည်နယ်ထိ အဝေးပြေး ကားလမ်းမကြီး တစ်ခုကို ဆက်သွယ်ဖေါက်လုပ်ရန် တရုတ်အစိုးရမှ အဆိုပြုလာသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

သူရဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထောက်ခံသဘောတူကြောင်းပြော

 နေပြည်တော်၊ ဇွန် ၂၅
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း သတင်းဌာနများနှင့် တွေ့ဆုံစဉ် သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းမှ ဝေဖန်သုံးသပ်မှု အမျိုးမျိုးပြုလုပ်နေကြချိန်တွင် သူရဦးရွှေမန်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ လက်ရှိ ဥက္ကဋ္ဌဖြစ်နေသဖြင့် ၎င်းက သမ္မတလုပ်ရန်ဆန္ဒရှိလျှင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သဘောတူ ထောက်ခံ သွားမည်သာဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖွင့်ဟပြောကြားလိုက်သည်။

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

ကောလာဟလကြောင့် မိဘများ စိုးရိမ်စိတ်ဖြင့် လာရောက်စောင့်ဆိုင်း နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ်

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသားမိဘများ စိတ်ပူပန်စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစုလူဝေး ဖြစ်ပေါ်စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှ လာရောက်လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။