Monday, April 1, 2013

Nok Air လေကြောင်း မဲဆောက်က မြန်မာပြည်ကို ပြေးဆွဲမယ် -

ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ဓာတ်ပုံ- ဘန်ကောက်ပို့စ်
 ထိုင်းနိုင်ငံ မဲဆောက် အထူးစီးပွားရေး ဇုန် နဲ့ အာဆီယံ လူ့အဖွဲ့အစည်း AEC တို့အတွက် ကြိုတင်ပြင်ဆင် တဲ့ အနေနဲ့ Nok Air လေကြောင်းလိုင်းဟာ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံကို ခရီးစဉ်သစ် ၂ ပြေးဆွဲဖို့ အစီအစဉ်ချမှတ်နေပါပြီ။  
 ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ မော်လမြိုင်ကို သူတို့လေကြောင်းလိုင်း ပြေးဆွဲဖို့ လေ့လာရေး ခရီးစဉ်ပျံသန်း မှုကို ယမန်နေ့က Nok Air လေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဆုန်ချိုင်နွတ် အန်ထရာကူးလ်နဲ့ စီအီးအို မစ္စတာ ပတ္တီး စရာစင် တို့က Nok Air လေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ၂၀ ကို ဦးဆောင် သွားခဲ့ ကြောင်း ဒီကနေ့ ထုတ် ဘန်ကောက်ပို့စ် မှာ ဖော်ပြ ထားပါတယ်။

ဈေးနှုန်းချို လေကြောင်းလိုင်း တခုဖြစ်တဲ့ Nok Air အနေနဲ့ မဲဆောက်နဲ့ ရန်ကုန်ကိုလည်း လေကြောင်း ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်နေပါတယ်တဲ့။

၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မယ့် အာဆီယံ လူ့အဖွဲ့အစည်း AEC ပေါ်ပေါက်လာရေး ဦးတည်ပြီး ထိုင်း- မြန်မာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံခြားခရီးသွားလာရေးတွေ အရှိန်မြှင့်တင်ဖို့ မဲဆောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မကြာသေးမီက ၂ နိုင်ငံ သဘောတူညီမှုကို ယခု Nok Air လေကြောင်းလိုင်းရဲ့ လှုပ်ရှား မှုက လိုက်နာအကောင်အထည်ဖော်တာလည်း ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။

အိမ့်သံစဉ်

အိမ့်သံစဉ် ~ - See more at: http://blog.irrawaddy.org/2013/04/nok-air.html#sthash.qcbvx8tc.dpuf

No comments:

Post a Comment