Saturday, March 30, 2013

တစ်နှစ်ခန့်က တင်သွင်းထားသည့် ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်အဆို ဆွေးနွေးခွင့် ရပြီ

ရန်ကုန် မတ် ၃၀
လွန်ခဲ့သော တစ်နှစ်က တင်သွင်းခဲ့သော ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အပြည့်အ၀ ရရေး အဆိုကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ဆွေးနွေးမည် ဟု ဗဟန်ဒ မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
“အခုလွှတ်တော်မှာ ဆွေးနွေးခွင့် ရတယ်။ဒါကတော့ ရန်ကုန်တိုင်းေ ဒသကြီးလွှတ်တော် အားနည်းချက်ပဲ။လွှတ်တော်က ခဏခဏ မလုပ်နိုင်ဘူး” ဟု ၄င်းကပြောသည်။ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကိုယ်ဝန်ဆောင်သည်များ ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားပြီးစဉ် အချိန်အထိ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိရန် တင်ပြသွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ မရရှိခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးပါ ထိခိုက်လာသည် များရှိသည့် အတွက်ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး ( ၁ / ၂၀၁၂ ) တတိယနေ့တွင် သက်ကြီးရွယ်အို များအား နိုင်ငံပိုင် ဆေးရုံများသို့ သွားရောက်ကာ အခမဲ့ ဆေးကုသခွင့် ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ကို မေးမြန်းခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းက နိုင်ငံတော်မှ ကျန်းမာရေးဝန်ကြီးဌာနအား ဘက်ဂျက်ငွေတိုးမြှင့် ချထားပေးခဲ့သ ည့်အတွက် အခမဲ့ ဆေးကုသခွင့် ရတော့မည်ဟု ဖြေကြားခဲ့သည်။ဧပြီလ ၁ ရက်နေ့၌ စတင်ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၁ ရက်နေ့ မှ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး လိုအပ်ပါက ၈ ရက်နေ့ နှင့် ၉ ရက်နေ့ များပါထပ်တိုးကျင်းပသွားမည်ဟု သိရသည်။
WMT / MLT

No comments:

Post a Comment