Friday, February 22, 2013
ဟက်ကာတိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့ Social Network “ Twitter”
ပြီးခဲ့တဲ့ အပတ်အတွင်းမှာတင် နာမည်ကျော် အမေရိကန် ကုမ္မဏီ Burger King ရဲ့ တွစ်တာအကောင့် ခိုးယူခြင်းခံခဲ့ရသလို၊
တခြား အမေရိကန် ကုမ္မဏီ ဖြစ်တဲ့ Jeep ဟာလည်း တွစ်တာဟက်ကာတွေရဲ့လက်ချက် မိခဲ့ပါတယ်။
ဒါ့အပြင် ဘီဘီစီ သတင်းကြေညာသူ ဂျရေမီကလက်ဆန် ရဲ့ တွစ်တာဟာလည်း အဟက် ခံခဲ့ရပါတယ်။
နည်းပညာ ကျွမ်းကျင်သူတွေကတော့ တွစ်တာ အသုံးပြုသူတွေဟာ မိမိတို့ ရဲ့ password တွေကို ပိုမို လုံခြုံအောင် အဆင့်မြှင့်ထားသင့်ကြောင်း အကြံပေးကြပါတယ်။
တွစ်တာမှာ ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး နည်းပညာလုံခြုံရေး အတိုင်ပင်ခံ ဂရေဟမ်က -
လူသားတစ်ဦးရဲ့ အားနည်းချက်ကို ဟက်ကာတွေက အခွင့်ကောင်းယူလိုက်တာပါပဲ၊ ဟက်ကာတွေ ဒီလို ထိုးဖောက်ဝင်ရောက်နိုင်တာဟာ တွစ်တာသုံးသူတွေက အလွယ်တကူခြေရာကောက်နိုင်တဲ့ Password တွေကို အသုံးပြုတာကြောင့်ဖြစ်တယ်၊
ကိုယ့်ရဲ့ အီးမေး၊ Facebook, တွစ်တာ အကောင့်တိုင်းကို Password တခုတည်းသုံးမယ် ဆိုရင်လည်း ဟက်ကာတွေအတွက် ထိုးဖောက် ၀င်ရောက်ဖို့ လွယ်ကူစေပါတယ်လို့ ပြောသွားပါတယ်။
တွစ်တာမှာ လမ်းညွှန်ထားတဲ့ အတိုင်း မိမိရဲ့ Password တွေကို လုံခြုံအောင် လုပ်ထားသင့်တယ်လို့ လည်း ပြောဆိုသွားပါတယ်။
မြန်မာပြည်က တွစ်တာအသုံးပြုသူတွေလည်း အဲဒီ လမ်းညွှန်ချက်အတိုင်း မိမိတို့ရဲ့ Password တွေကို လုံခြုံအောင် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
မူရင်း ဆောင်းဦးလင်း ~လင့် http://blog.irrawaddy.org

No comments:
Post a Comment