Friday, February 22, 2013

ဆမ်ဆောင်း Galaxy S IV ထွက်ရှိလာတော့မည်


 ၂၀၁၂ ရဲ့ ကမ္ဘာ့အရောင်းကောင်းဆုံးဖုန်း ဖြစ်ခဲ့တဲ့ ဆမ်ဆောင်းရဲ့ Galaxy S III ချစ်သူများအတွက် ဆမ်ဆောင်းကနေ Galaxy S IV ကိုမတ်လ ၁၄ ရက်နေ့ မှာ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးသွားမယ် လို့ဆိုပါတယ်။

 Mobile-review’s မှ ဖုန်း အယ်ဒီတာ အယ်ဒါ မာတာဇင်က ဆမ်ဆောင်းကုမ္မဏီကနေ ဖိတ်ကြားစာရရှိထားကြောင်းနဲ့ ကြီးကျယ်တဲ့ မိတ်ဆက်ပွဲတခု ပြုလုပ်ဖွယ်ရှိကြောင်း သူရဲ့ တွစ်တာမှာ ရေးလိုက်ပါတယ်။

တခြားနာမည်ကြီး ဖုန်း ၀က်ဆိုဒ်တွေရဲ့ အယ်ဒီတာတွေဟာလည်း သူတို့ရဲ့ တွစ်တာတွေမှာ အဲဒီလို ရေးသားခဲ့ကြပါတယ်။

ဖုန်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေကတော့
Exynos 5 8-core processor,
4.99'' Full HD screen,
2GB of RAM,
a 13-megapixel camera ရှိမယ်လို့
သိရပြီး ကင်မရာပိုင်းမှာ အတော့်ကိုအဆင့်မြှင့်တင်ထားတာ တွေ့ ရပါတယ်။
ဒါ့အပြင် Android 4.2.2 Jelly Bean ကို အသုံးပြုမယ်လို့ သိရပါတယ်။

နယူးယောက်မှာ လုပ်မယ့် ဒီဖုန်းမိတ်ဆက်ပွဲဟာ ကမ္ဘာ့မိုဘိုင်းပြပွဲပြီးမှ ဈေးကွက်ထဲ ထိုးဖောက်တာပဲလို့ ဆိုရပါမယ်။

အလားတူ HTC ကုမ္မဏီကလည်း  စပိန်နိုင်ငံ၊ ကမ္ဘာ့မိုဘိုင်းပြပွဲ မတိုင်ခင်မှာပဲ သူ့ရဲ့ HTC One ကို ပရိသတ် သိအောင်  ချပြခဲ့ပါပြီ။

ဖုန်းကုမ္မဏီတွေက ဈေးကွက်ကို ဗျူဟာအသစ်တွေနဲ့  ထိုးဖောက်ဖို့ကြိုးစားနေတာ တွေ့ရပါတယ်။
မူရင်း-http://blog.irrawaddy.org ကနေမူရင်းအတိုင်းဖေါ်ပြခြင်းသာဖြစ်ပါသည်

အာလုံးပဲအဆင်ပြေနိုင်ကြပါစေ(ဝေယံ)

No comments:

Post a Comment