Monday, February 25, 2013

စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း


အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။

သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။

သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။

ခန္ဓာကိုယ် ဆဲလ်နဲ့ အာရုံကြောကို အီလက်ထရောနစ်ဝါယာကြိုးများနဲ့ tune ညှိပြီး တပ်တယ်ဆိုတာ အရင်ကတည်းက ပြုလုပ်နိုင်ပြီဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်အတု၊ ခြေအတု ဆိုပေမယ့် သာမန်လူလို အသုံးပြုနိုင်တဲ့ နည်းပညာကို တီထွင်နိုင်တာ အတော်လေးကြာ ပါပြီ။ ဈေးကြီး နေတယ်ဆိုတဲ့ အချက်တစ်ခုကိုကျော်လွန်ရုံ ပါပဲ။ ဈေးသာ သက်သာမယ်ဆိုရင် ကမ္ဘာမှာ ကိုယ်အင်္ဂါချို့ ယွင်းတဲ့သူတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ Sarif Industres  ရဲ့  အဓိက ရည်ရွယ်ချက်ကလည်း အဲဒါပဲ ဖြစ်ပါတယ်။ လူတိုင်းဈေးသက်သက်သာသာနဲ့ အတုပစ္စည်းများ ရရှိစေဖို့ ဖြစ်ပါတယ်။

သို့ပေမယ့် အပိုဆုလိုပဲဆိုရမယ့်အချက်က သန်မာခြင်း ဖြစ်ပါတယ်။ သာမန်လူတွေရဲ့  ခြေလက်တွေထက် ပိုသန်မာပါတယ်။ မျက်လုံးကလည်း ကွန်ပြူတာမျက်နှာပြင်နဲ့ ကင်မရာထည့်ထားတဲ့အတိုင်းကို function စုံအောင် ဖန်တီးလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ လူသားနဲ့ စက်ရုပ်ကြားက စစ်ပွဲဆိုတော့ ရုပ်ရှင်တွေထဲမှာ မဟုတ်တော့ပဲ အပြင်မှာ လည်းဖြစ်ဖို့ မဝေးတော့ဘူးဆိုတဲ့အချက်ကိုလည်း Sarif Industres က ရည်ညွန်းဖော်ပြပါတယ်။ နောက်ဆို လူသားတွေတောင် စက်ရုပ်ဖြစ်ချင်လို့ ခြေလက်ဖျက်မယ့် အနေအထားတစ်ခုအထိတောင် အဆိုးဆုံး ခန့်မှန်းဖော်ပြထားပါတယ်။

အောက်ပါလခ့်များမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

You tube video -http://is.gd/fkKCbC

Website - www.sarifindustries.com

--မူရင်း-
Aung Kham (TSJ team)

No comments:

Post a Comment