Tuesday, February 26, 2013

Android OS သုံး iphone အသစ်ထွက်ရှိ

 ခေါင်းစဉ် ဖတ်ရတာနဲ့ တော်တော် စိတ်လှုပ်ရှားသွားမယ်ထင်ပါတယ်။ တကယ် iphone စစ်စစ်ပါ။ တရားဝင်လည်းထုတ်ပါတယ်။ သို့ပေမယ့် Apple ထုတ် iPhone တော့မဟုတ်ပါဘူး။ ဘရာဇီး Neo One ကထုတ်လုပ်တဲ့ iphone ဖြစ်ပါတယ်။

Apple နဲ့တော့ ကြိမ်းသေပြဿနာ ဖြစ်ဖို့များပါတယ်။ နာမည်ပေးကတည်း ကိုက ဆင်တူနီးပါး iphone ဖြစ်ပါတယ်။ P အကြီးနဲ့ p အသေးပဲ လက်တစ်လုံးကြား ကွာ နာမည်ပေးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည် အပြည့်အစုံကတော့ Gradiente iphone ဖြစ်ပါတယ်။ သုံးတဲ့ OS ကလည်း Android ဆိုပေမယ့် Date out နေပြီဖြစ်တဲ့ Gingerbread ကို ပြန်သုံးထားပါ တယ်။

၃.၇ လက်မ touchscreen မျက်နှာပြင်၊ 320 x 480 pixel resolution, 700MHz processor, ကင်မရာကျတော့ 5 megapixel ပဲရှိပါတယ်။ ဖုန်းရဲ့  ဈေးနှုန်းကျတော့ အမေရိကန်ဒေါ်လာ ၆၀၀ နီးပါး ရှိပါတယ်။ ဒီတော့ ဖုန်းရောင်းဖို့လား Apple နဲ့ပဲ တရားရုံးမှာ စကားများချင်လို့လား မသိပါဘူး။

သို့ပေမယ့် iphone ဆိုပြီးတော့ ကြော်ငြာတွေ၊ သတင်းတွေကိုတော့ ကုမ္မဏီက ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ ဒီတော့ ဘရာဇီး Neo One ထုတ် iphone နဲ့ Apple ထုတ် Phone တို့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ လေ့ လာစောင့်ကြည့်ရအုံးမှာ ဖြစ်ကြောင်း သိရ
 မူရင်း

Ref: pocketlint.
Aung Kham (TSJ team)

No comments:

Post a Comment