ဦးပဉ္စင်း ဝီရသူသည် မွတ်ဆလင်မ်ဆန့်ကျင်ရေး၊ မွတ်ဆလင်မ် မုန်းတီးရေး ဟု မီဒီယာများမှာ တွင်ကျယ်စွာ ပြောကြားနေကြသော အမျိုးသားရေးတရားတော်များကု
Sunday, March 31, 2013
“ဝီရသူ လမ်းစဉ် လိုက်နာကြ”
ဦးပဉ္စင်း ဝီရသူသည် မွတ်ဆလင်မ်ဆန့်ကျင်ရေး၊ မွတ်ဆလင်မ် မုန်းတီးရေး ဟု မီဒီယာများမှာ တွင်ကျယ်စွာ ပြောကြားနေကြသော အမျိုးသားရေးတရားတော်များကု
ဦးဥတ္တမ အကြောင်းသိကောင်းစရာ
မြန်မာအမျိုးသား ၀ံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်ထူးကား ဆရာတော်ဦးဥတ္တမပင် ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှေုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက်ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဦးဥတ္တမ ပင်ဖြစ်သည်။
သမ္မတဦးသိန်းစိန် မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်း
DVB TV News
သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်
"ပထမအချက်အနေနဲ့က ပြည်သူအများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်း ကိစ္စဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာဝန်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံးကျပ်ငွေနှုန်းထားဖြင့် ကျွန်တော်ကတိပေးပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်း
DVB TV News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
ဒုတိယတန်းစား နိုင်ငံသား?
တိုင်းရင်းသားခေါင်းဆောင်တယောက်က ပြောပါတယ် -
မြန်မာပြည်မှာ တိုင်းရင်းသားတွေဟာ ဒုတိယတန်းစား နိုင်ငံသား ဖြစ်နေပြီ တဲ့။
အုပ်ချုပ်သူများထဲမှာ တိုင်းရင်းသား ဘယ်လောက်ပါသလဲ လို့လည်း သူက ထောက်ပြပါတယ်။

ဒီပြောဆိုချက်
အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို ဧရာဝတီ ရုပ်သံမှာ
စုစည်း တင်ဆက်ထားပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တယောက်က ပြောပါတယ် -
မြန်မာပြည်မှာ တိုင်းရင်းသားတွေဟာ ဒုတိယတန်းစား နိုင်ငံသား ဖြစ်နေပြီ တဲ့။
အုပ်ချုပ်သူများထဲမှာ တိုင်းရင်းသား ဘယ်လောက်ပါသလဲ လို့လည်း သူက ထောက်ပြပါတယ်။ - See more at: http://blog.irrawaddy.org/2013/03/blog-post_31.html#sthash.oaMfcACW.dpuf

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို
အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွှေလုပ်ကွက်နှင့်လယ်ယာမြေပြဿနာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် (၇)
မြို့နယ်မှာရှိသော ရွှေလုပ်ကွက်များကြောင့် တောင်သူများ၏ သမရိုးကျလယ် လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများ နေကြောင်း သိရသည်။
စပါးစိုက်ပြီးဝမ်းရေးပြဿနာ ဖြေရှင်းရသောတောင်သူများခမျာ လယ်ယာမြေများတွင်ရွှေလုပ်ကွက် ခွင့်ပြုထားသော အာဏာပိုင်အဖွဲ့ အစည်း၊ အရှိန်အ၀ါကုမ္ပဏီများ ကြောင့် “ခံချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ၊ ခါးကမ သန်” ဖြစ်ရရှာပါတော့သည်။
အပြိုင်အဆိုင်စီးပွားပြိုင်တွေ ကြားဝယ် အပြစ်မဲ့သော တောင်သူ များ ဒုက္ခနွံတွင်းက ရုန်းမတက်နိုင် ဖြစ်ကြရသည်။

အာသောကကုန်းပေါ်၌မော်တော်ကားများအား လူတစ်စုကတိုက် ခိုက်ဖျက်ဆီးမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့်မြို့နယ် အာသောကကုန်းပေါ်၌ ၃၀ ရက်ည ၁၂နာရီမိနစ် ၃၀ အချိန်(၃၁ ရက်နံနက်)တွင် တုတ်၊ခဲများကိုင်ဆောင်ထားသောလူတစ
blogger note...အာသောကကုန်းကတာမွေမှာရှိတာလို့လဲကွန့်မန့်မှာရေးထားပါတယ်။
(ရဲရင့်ငယ်-ကနေဒါ)
အင်းလေးဟိုတယ်ဇုန်အမှု ကလောမြို့သို့ ပြောင်းစစ်မည်
အင်းလေးဟိုတယ်ဇုန်
တည်ဆောက်နေသည့် စီမံကိန်းကို နှောက်ယှက်မှုကြောင့် ပုဒ်မ ၁၈၈ဖြင့်
တရားစွဲဆိုခံထားရသည့် အင်ကြင်းကုန်းရွာ၊ ကံပဲ့ရွာမှ ရွာသူရွာသား (၇) ဦး၏
အမှုကို
ကြာသပတေးနေ့က တောင်ကြီးမြို့၊ မြို့နယ်တရားရုံးတွင် ဆက်လက် စစ်ဆေးကြားနာသည်။
ယခုဖြစ်ပေါ်နေသော အမှုသည် လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုဖြစ်နေသောကြောင့် ၇/၃၀ ပြစ်မှု ပုဒ်မ(၃၁၇) ၄၁/၁၃ အရ ကလောမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးရန် တရားသူကြီး ဒေါ်လင်းလင်းက အမိန့်ချမှတ်ခဲ့သည်။
ရုံးချိန်းရှိသည့် တောင်ကြီးမြို့သည် ယင်းတို့၏ရွာနှင့် မိုင် ၃၀ကျော်ကွာဝေး သည့်အတွက် သွားလာရ များစွာ ခက်ခဲနေကြောင်း၊
ကလောမြို့တွင် အမှုစစ်ဆေးမည် ဆိုလျှင် ပိုဆိုးသွားမည်ဖြစ်ကြောင်း၊
ညောင်ရွှေမြို့ တရားရုံးတွင် အမှုစစ်ဆေးရန် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရွာသားများ၏ ရှေ့နေ ဒေါ်နန်းသူဇာက လျှောက်လဲချက်ပေးခဲ့သည်။
တရားသူကြီးက လျှောက်လဲပိုင်ခွင့် ရှိကြောင်း ပြောကြားကာ ရုံးချိန်းရပ်နားလိုက်သည်။
တရားစွဲဆိုခံနေရသည့် ရွာသားများက ယခုလို တဝေးတလံ သွားခိုင်းနေခြင်းသည် မိမိတို့အား အခက်အခဲ ဖြစ်အောင် ပြုမှုနေခြင်းသာဖြစ်ကြောင်း၊ တရားဥပဒေ အား တရားနည်းဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးမရလျှင် ဆန္ဒပြရန် စီစဉ်ထားကြောင်း ပြောဆိုသွားသည်။
ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~ - See more at: http://blog.irrawaddy.org/2013/03/blog-post_4479.html#more

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~ - See more at: http://blog.irrawaddy.org/2013/03/blog-post_4479.html#mo

အင်းလေးဟိုတယ်ဇုန်အငြင်းပွားမှုကို ပြည်နယ်အစိုးရ ညှိတော့မည်မဟုတ် - See more at: http://blog.irrawaddy.org/2013/03/blog-post_4479.html#more

အကြမ်းဖက်မှုများချုပ်ငြိမ်းရေး မီးထွန်းဆုတောင်းပွဲကျင်းပ
မတ်လ ၃၀ ရက်၊ ၂၀၁၃ ခုနှစ်။
မြန်မာနိုင်ငံအရပ်ရပ်တွင် အကြမ်းဖက်မှုများ ၊ မီးရှို့မှုများ ၊ဖျက်စီးမှုများကြောင့် အသက်ဆုံးရှုံးခဲ့သူများနှင့်
တရားဥပဒေစိုးမိုးစေရန်အတွက် ရည်စူး၍ မီးထွန်းဆုတောင်းပွဲတစ်ရပ်ကျင်းပခြင်းဖြစ်သည်ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။
စီမံကိန်းချထား၍ လျှပ်စစ်မီးပေးဝေချိန် လျှော့ချမည်မဟုတ်
ဧပြီလမှစ၍
လျှပ်စစ်မီးပေးဝေချိန်ကို လျှော့ချသွားမည်ဆိုသည့် သတင်းမှာမဟုတ်ကြောင်း ၊
လက်ရှိအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်ရန်အစီအစဉ်ရှိကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနကသိရှိရသည်။
“ခုလိုပုံစံအတိုင်း အပြည့်အ၀ ပေးဝေသွားနိုင်အောင် ကြိုးစားနေပါတယ်ဒီကိစ္စကို သမ္မတကြီး ကိုယ်တိုင်ကလည်း ဆောင်ရွက်ခိုင်းထားတာပါ” ဟုလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဓါတ်အားထုတ်လုပ်ရေး ဌာနက တာဝန်ရှိသူ တစ်ဦးကပြောသည်။
သတင်းအပြည့်အစုံကိုဖတ်ရန်ဒီမှာနှိပ်ဖတ်ပါ
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား
မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီ ၁ ရက်နေ့ ပုဂ္ဂလိက သတင်းစာ ထွက်ပြီ
The Voice Daily၊ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time သတင်းစာ လေးစောင် စထွက် မယ် ဆယ်စုနှစ် များစွာ အတွင်း မနက်ဖြန် ဧပြီ ၁ မနက်က စလို့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ တွေ ပြန်လည် ထွက်ရှိ လာတော့မှာ ဖြစ်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဟုတ်၍ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ
မေးလ်သို့ပေးပို့လာသောဆောင်းပါးတပုဒ်ပါ။
ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center(MPC)၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။
Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲစတင်
Eleven Media Group
ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် Lazy Club တီးဝိုင်း၏ နိုင်ငံတော်သီချင်း တီးလုံးတီးခတ်မှုနှင့် စတင်ခဲ့ပါသည်။ ဖျော်ဖြေပွဲတွင် အစီအစဉ်တင်ဆက်သူများ အဖြစ် တင်မိုးလွင်နှင့် အိမ့်ချစ်တို့က ဆောင်ရွက်လျက်ရှိပါသည်။ အဖွင့်သီဆိုမှုကို အဆိုတော် ဖြူဖြူကျော်သိန်းက ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိပါသည်။
7Day News Journal
မိုက်ကယ်လန်းတူရော့ခ်ဖျော်ဖြေပွဲတွင် အိမ်ရှင်တီးဝိုင်းအဖြစ် လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေနေစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ယနေ့ည ၇ နာရီတွင် စတင်ဖျော်ဖြေနေသည့် မိုက်ကယ်လန်းတူရော့ခ်ဂီတပွဲတွင် အဖွင့်ဧည့်ခံဖျော်ဖြေသည့် လေးဇီးကလပ်တီးဝိုင်းက မြန်မာနိုင်ငံတော်သီချင်းသံစဉ်ဖြင့် ပွဲကိုစတင်လိုက်သည်။ ပရိသတ်များမှာ နိုင်ငံတော်သီချင်းတီးခတ်နေချိန်တွင် မတ်တပ်ရပ်ကာ လေးစားသမှုကိုပြသခဲ့ကြသည်။ မြန်မာနိုင်ငံတော်သီချင်းကို တီးခတ်နေစဉ် စင်မြင့်နောက်ခံပရိုဂျက်တာတွင် မြန်မာနိုင်ငံတော်အလံကို ပြသထားသည်ကိုတွေ့ရစဉ်
Pattern Lock ကျနေသူများအတွက် အလွယ်ပြန်ဖြည်နည်း
Pattern Lock မေ့နေတဲ့သူငယ်ချင်းများအတွက် ဒီနည်းလမ်းလေးကတော့ ဖုန်းထဲက ဒေတာတွေ မပျက်ပါဘူး။ လိုအပ်ချုက်တော့ရှိပါတယ် ဖုန်းက root လုပ်ပြီးသားဖြစ်ရပါ့မယ်... နောက်တစ်ခုက Usb debugging on မိခဲ့ဖို့ပါ အဲဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အဲဒီအချက်တွေ ဖုန်းမှာ လုပ်ထားမိတယ်ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒေါင်းလော့ဖိုင်ထဲက ဖိုင်လေးကို ဖြည်ပြီးတော့ အထဲက remove pattern ဆိုတဲ့ bat ဖိုင်လေးကို run လိုက်ပါ press any key to continue ဆိုပေါ်လာရင်တော့ enter တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ pattern lock ကို လိုသလိုဆွဲနိုင်ပါပြီခင်ဗျာ။
ဒီမှာဒေါင်းမှာ
အောင်ကျော်ခိုင်(ပုသိမ်) မှတဆင့်မျှဝေတာပါခင်ဗျား
အားလုံးပဲလေးစားလျှက်
Saturday, March 30, 2013
အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့
သမ္မတ
ဦးသိန်းစိန်ဟာ လတ်တလောဖြစ်နေတဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်
တွယ် ဆောင်ရွက်ဖို့အတွက် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို
ဖွဲ့စည်း တာဝန်ပေးလိုက်ပါ တယ်။ -
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄
/၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃
ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။
လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ်
ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ
" ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
(ခ) ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄) - ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန - အဖွဲ့ဝင်
(ဃ) ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန - အဖွဲ့ဝင်
(င) ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(စ) ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်
(ဇ) ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ - ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန - အဖွဲ့ဝင်
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - အတွင်းရေးမှူး
၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -
(က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
(ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံပေးရန်။
(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။ (ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။
(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။

ပုံ
(သိန်းစိန်)
နိုင်ငံတော်သမ္မတ