မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို
ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က
ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ယင်းနေ့
နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင်
လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း
သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။
စစ်ဆေးချက်အရ
ငွေစက္ကူအတု သုံးစွဲနေသူမှာ ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် နေထိုင်သူ
မိတ္တူဆိုင်လုပ်သားကို -- နှင့် ကမာရွက်မြို့နယ်နေ ကို---သူတို့
ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
ယင်းတို့အား ရှာဖွေစစ်ဆေးရာ
ကို---၀တ်ဆင်ထားသည့် အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ
ငါးထောင်တန် နံပါတ်တူ နှစ်ရွက်၊ ကို--- ၀တ်ဆင်သည့် အင်္ကျီအိတ်ကပ်အတွင်းမှ CI
5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူခြောက်ရွက်၊ စုစုပေါင်း ရှစ်ရွက်အား
တွေ့ရှိသိမ်းဆည်းခဲ့သည်ဟုလည်း ဆိုထားသည်။
ငွေစက္ကူအတုများဖြင့်
ပက်သတ်၍ စစ်ဆေးရာတွင် ငွေစက္ကူအတုများမှာ သာမာန်ရုံးသုံးစက္ကူ A4 အဖြူ အား
ကာလာပရင်တာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုထားသည်ဟု
ရဲတပ်ဖွဲ့က ဆိုထား သည်။
အဆိုပါ ငွေစက္ကူအတုမှာ ငွေစက္ကူအစစ်ထက်
အလျား/အနံ တစ်မီလီမီတာခန့် သေးငယ်နေကြောင်းနှင့် ရုပ်ပုံရေစာ၊ တန်ဖိုး
ရေစာနှင့် လုံခြုံရေးကြိုးတို့ ပါဝင်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းကြောင့်
ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေသူ နှစ်ဦးတို့အား မြို့နယ်ရဲစခန်းက (ပ)
၆၇၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပေဒပုဒ်မ ၁၀၅ ဖြင့်
တရား စွဲတင်သွားမည်ဟုလည်း တိုင်းရဲတပ် ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်း အရ
သိရှိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)

Post a Comment