ဆက်သွယ်ရေး
ဝန်ဆောင်မှုလုပ်ငန်းများအတွက် စိတ်ပါဝင်စားသူများအနေဖြင့် Ooredoo သို့ Email မှတစ်ဆင့်
အလုပ်စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
myanmarcareers@ooredoo.com သို့ လျှောက်ထားနိုင်မည်ဖြစ်သည်။ Ooredoo Myanmar အနေဖြင့် စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ်ရေး၊ သုံးစွဲသူဝန်ဆောင်မှုပေးရေး၊ ဘဏ္ဍာ ရေး၊ ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့်
နည်းပညာ၊ ဈေးကွက်၊ ရောင်းချခြင်းနှင့် ဆက်ဆံရေးစသည့် အလုပ်အကိုင်အခွင့် အလမ်းများ
ခန့်ထားသွားမည် ဖြစ်ကြောင်း သိရသည်။ Ooredoo အနေဖြင့် မြန်မာနိုင်ငံရှိ လက်ရှိလုပ်ငန်းများ
ရှေ့ဆက်လုပ်ကိုင်နိုင်ရန်အတွက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းလျက်ရှိကြောင်းသိရသည်။myanmarcareers@ooredoo.com သို့ လျှောက်ထားနိုင်မည်ဖြစ်သည်။ Ooredoo Myanmar အနေဖြင့် စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ်ရေး၊ သုံးစွဲသူဝန်ဆောင်မှုပေးရေး၊ ဘဏ္ဍာ ရေး၊ ဆက်သွယ်ရေး၊
အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ www.facebook.com/ ooredoomyanmar နှင့် www.linkedin.com/company/ooredoomyanmar တို့သို့ ဝင်ရောက်ကြည့်ရှု၍ Email ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။ “ဒေသခံပြည်သူများကို ဝန်ထမ်းအဖြစ်ခန့်အပ်ဖို့ အပြည့်အ၀ယုံကြည်မှုရှိပါတယ်။ မြန်မာအဖွဲ့ ဖွဲ့စည်းတဲ့အခါ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနဲ့ အတတ်ပညာတွေကို သေသေချာချာလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်” ဟု Ooredoo Myanmar ၏ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross
Cormock က ပြောသည်။ မြန်မာနိုင်ငံအတွင်း ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများခန့်ထားရာတွင် ဝန်ထမ်းစုစုပေါင်း ၉၉ ရာခိုင်နှုန်းအား မြန်မာလူမျိုးများအဖြစ် ခန့်အပ်သွားမည်ဖြစ်သည်ဟု ပြောသည်။
Ooredoo အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှဒေသများတွင် မိုဘိုင်းဆက်သွယ်ရေး၊ ကြိုးလိုင်းတယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့် အင်တာနက်နှင့် အခြားဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆာင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ Ooredoo ဝန်ဆောင်မှုကို လက်ရှိအချိန်အထိ သုံးစွဲသူပေါင်း ၉၁ သန်းကျော် ရှိကြောင်းသိရသည်။ ၎င်းကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများအတွက် လုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားအော်ပရေတာနှစ်ခုအနက် တစ်ခုဖြစ်ပြီး ကာတာနိုင်ငံအခြေစိုက်ဖြစ်သည်။
ထွန်းထွန်း -
http://www.myanmarinternetjournal.com
Post a Comment