သြစတြေးလျနိုင်ငံရှိ
Curtin University ၏ college မှ နှစ်စဉ်ကျပ်သိန်း ၂၃၀ ခန့် တန်ဖိုးရှိ ပညာသင်ဆု များ
ပေးအပ်လျှက်ရှိရာ ယခုနှစ်အတွက် မြန်မာနိုင်ငံမှ ထူးချွန် ကျောင်းသားနှစ်ဦး ရရှိသွားခဲ့ကြောင်း
YIUS မှ သိရသည်။
အဆိုပါ ပညာသင်
ထောက်ပံ့ကြေးကို YIUS University Foundation Program တွင် Business
Foundation တက်ရောက်ခဲ့သော မအေးချမ်းခင်နှင့် Engineering Foundation တက်ရောက်ခဲ့သော
မောင်ဉာဏ်မင်းလွင်တို့ ရရှိခဲ့ကြပြီး တစ်ဦးလျှင် ကျပ်သိန်း 120 ခန့် တန်ဖိုးရှိ ပညာသင်ထောက်ပံ့ကြေးများ
ရရှိခဲ့ကြောင်း သိရသည်။
Curtin
University တွင် တက်ရောက်နိုင်သော ဘာသာရပ်ပေါင်း ရာကျော်ရှိသည့် အနက် Business အခွဲများ
ဖြစ်သော Accounting, Enterpre neurship, logistics and supply chain, Human
Resources, Tourism and Hospitality နှင့် Health Sciences အခွဲများဖြစ်သော
Biomedical Science, Food Science, Public Health နှင့် Humanities အခွဲများဖြစ်သော
Architeture, Fashion, Urban Planning နှင့် Science and Engineering အခွဲများဖြစ်သော
civil, Electrical,Mechatronic, IT, Enuronmantal Science တို့ တက်ရောက် သင်ကြားနိုင်ကြောင်း
သိရသည်။
ယခု ပေးအပ်သည့်
ပညာသင် ထောက်ပံ့ကြေးကို YIUS ၏ University Foundation Program မှ ရမှတ်များဖြင့် လျှောက်ထားရမည်ဖြစ်ပြီး
လျှောက်ထားလိုပါက YIUS ကျောင်းမှ University Foundation Program တက်ရောက် ပညာသင်ယူပြီးမှသာ
လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာမည့်နှစ်များ အတွင်း နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုများနှင့် ကူးသန်း ဆက်သွယ်မှုများ လက်ရှိ ကာလထက် တိုးတက်လာနိုင်ရန် ရှိပြီး
မြန်မာကျောင်းသားများ အနေဖြင့် သြစတြေးလျ နိုင်ငံတွင် နိုင်ငံတကာ အတွေ့အကြုံရယူပြီး
မြန်မာနိုင်ငံတွင်လည်း အကျိုးရှိရှိ ပြန်လည် အသုံးချစေလိုကြောင်း နှင့် တိုးတက်လျှက်ရှိသော
နိုင်ငံတွင် အထူး အရေးပါသော အင်ဂျင်နီယာနှင့် အိုင်တီပိုင်း ဆိုင်ရာဘာသာရပ်များတွင်
အတွေ့အကြုံရှိသော ပညာရှင်များစွာ လိုအပ်လာမည် ဖြစ်သောကြောင့် သြစတြေးလျ နိုင်ငံတွင်
စနစ်တကျ လေ့ကျင့် သင်ကြားပေးလိုသော ရည်ရွယ်ချက်များဖြင့် ပညာသင် ထောက်ပံ့ကြေးများကို
နှစ်စဉ် 2012 ခုမှစ၍ ပေးအပ်သွားရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။
Public
Health နှင့် Humanities အခွဲများဖြစ်သော Architeture, Fashion, Urban Planning နှင့်
Science and Engineering အခွဲများဖြစ်သော civil, Electrical,Mechatronic, IT,
Enuronmantal Science တို့ တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။
ယခုပေးအပ်သည့်
ပညာသင်ထောက်ပံ့ကြေးကို YIUS ၏ University Foundation Program မှ ရမှတ်များဖြင့် လျှောက်ထားရမည်ဖြစ်ပြီး
လျှောက်ထားလိုပါက YIUS ကျောင်းမှ University Foundation Program တက်ရောက် ပညာ သင်ယူပြီးမှသာ
လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လာမည့်နှစ်များ အတွင်း နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများနှင့် ကူးသန်းဆက်သွယ်မှုများ လက်ရှိ ကာလထက် တိုးတက်လာနိုင်ရန်
ရှိပြီး မြန်မာကျောင်းသားများ အနေဖြင့် သြစတြေးလျ နိုင်ငံတွင် နိုင်ငံတကာ အတွေ့အကြုံ
ရယူပြီး မြန်မာနိုင်ငံတွင်လည်း အကျိုးရှိရှိ ပြန်လည် အသုံးချစေလိုကြောင်းနှင့် တိုးတက်လျှက်
ရှိသော နိုင်ငံတွင် အထူး အရေးပါသော အင်ဂျင်နီယာနှင့် အိုင်တီပိုင်းဆိုင်ရာ ဘာသာရပ်များတွင်
အတွေ့အကြုံရှိသော ပညာရှင်များစွာ လိုအပ်လာမည် ဖြစ်သောကြောင့် သြစတြေးလျနိုင်ငံတွင်
စနစ်တကျ လေ့ကျင့် သင်ကြားပေးလိုသော ရည်ရွယ်ချက်များဖြင့် ပညာသင် ထောက်ပံ့ကြေးများကို
နှစ်စဉ် 2012 ခုမှစ၍ ပေးအပ်သွားရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။
စိုးမြင့်ထွန်း
http://www.myanmarinternetjournal.com
Post a Comment