နိုင်ငံခြားငွေကြေး
ပမာဏဆိုင်ရာများကို ဝက်ဘ်ဆိုက်နှင့် အလိုအလျောက် တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာသည်။
အဆိုပါအစီအစဉ်ကို ၁၂.၈.၂၀၁၃ မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းများနှင့် ရောင်းဝယ်သည့် နိုင်ငံခြားငွေကြေးပမာဏများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝက်ဘ်ဆိုက်ဖြစ်သော www.cbm.gov.mm တွင် ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အလိုအလျောက်ဖြေကြားသည့် တယ်လီဖုန်းနံပါတ် ၀၁-၈၆၀၅၁၀၀ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ပြည်သူများနှင့်
စီးပွားရေးဝန်းကျင်သို့
အသိပေးသွားရန် စီစဉ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေကြေးစီးဆင်းမှု ပိုမိုလွယ်ကူချောမွေ့စေရန်နှင့်
နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများပိုမိုဖွံ့ဖြိုးစေရန်အတွက် နိုင်ငံခြားသုံးငွေများ
ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက်
(Interbankအဆိုပါအစီအစဉ်ကို ၁၂.၈.၂၀၁၃ မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းများနှင့် ရောင်းဝယ်သည့် နိုင်ငံခြားငွေကြေးပမာဏများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝက်ဘ်ဆိုက်ဖြစ်သော www.cbm.gov.mm တွင် ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အလိုအလျောက်ဖြေကြားသည့် တယ်လီဖုန်းနံပါတ် ၀၁-၈၆၀၅၁၀၀ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ပြည်သူများနှင့်
Foreign Exchange Spot Market) ကို ၅.၈.၂၀၁၃ မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါနိုင်ငံခြားငွေကြေးဈေးကွက်မှာ ဘဏ်များအကြား တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဈေးကွက်၏ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ငွေဖြစ်လွယ်မှုမြင့်မားခြင်း၊ လေ့လာထိန်းကျောင်းမှုကို ပီပြင်စွာဆောင်ရွက်နိုင်ခြင်း၊ ထိရောက်စွာပါဝင်ထိန်းသိမ်းနိုင်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံလာစေရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ရန်ကုန်၊ နိုင်ငံခြားငွေကြေးဈေးကွက် ကော်မတီက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း -
http://www.myanmarinternetjournal.com
Post a Comment