0

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန လက်အောက်တွင် ဆက်လက်ထားရှိမည် ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၀ ရက် မြောက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၁ မှ ဦးစိုးအောင် ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အထက်ပါ အချက်ကို ထည့်သွင်းဖြေကြားခဲ့ သည်။

မြန်မာနိုင်ငံရေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကို ကွန်ပျူတာ၊ စက်မှုလက်မှုဘွဲ့နှင့် ဘွဲ့လွန်ပိုင်းဆိုင်ရာ အတတ်ပညာများ လေ့ကျင့်သင်ကြားခြင်း၊ စီမံ အုပ်ချုပ်ခြင်းတို့တွင် အတွေ့အကြုံရှိပြီး ဖြစ်သည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် ဆက်လက်ထားရှိခြင်းက ပိုမို သင့်လျော်မည် ဖြစ်ကြောင်းနှင့်  ယင်းတက္ကသိုလ်သည် အဆင့်မြင့် တက္ကသိုလ် (Center of Excellence) အဖြစ် သတ်မှတ်၍ ဘွဲ့အဆင့်နှင့် ဘွဲ့လွန် အဆင့်ပညာရပ်များကို သင်ကြားပေးလျက် ရှိပြီး မြန်မာနိုင်ငံ ပညာရေးကော်မတီမှ လေကြောင်းနှင့် အာကာသ ပညာရှင်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်တွင် လေ့ကျင့် သင်ကြားပေးရန် ဆုံးဖြတ် ဆောင်ရွက်ခဲ့သည့် အပြင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်အား ပို့ဆောင်ရေးဝန်ကြီးဌာန အောက်သို့ လွှဲပြောင်း ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးဟု ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ် ပို့ဆောင်ရေးဝန်ကြီးဌာန အောက်တွင် ရှိသကဲ့သို့ လေကြောင်းနှင့် အာကာသတက္ကသိုလ်သည်လည်း ပို့ဆောင်ရေးဝန်ကြီး ဌာနအောက်တွင် ရှိသင့်သည့် အတွက် အဆိုကို ဆက်လက် တင်သွင်းမှု ပြုလုပ်သွားမည်ဟု သိရသည်။

ကိုဟိန်း

http://www.myanmarinternetjournal.com

Post a Comment

 
Top