0
ညောင်ရွှေမှာ ပရဟိတ ဟောပြောပွဲ သွားရောက်ခိုက် အမျိုးသား စာဆိုကြီး ဆရာကြီး ဒဂုန်တာရာ အနိစ္စရောက် သွားကြောင်း သတင်းကြားရတဲ့ အတွက် နာရေးကူညီမူ အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ ဟာ အောင်ပန်းမြို့ သို့ သွားရောက် ခဲ့ကြသည်။ ယမန်နေ့ (သြဂုတ် ၁၉ ရက်နေ့ ) ည ၈ နာရီခွဲမှာ ဆရာကြီး ဒဂုန်တာရာ ခေါင်းချရာ နေအိမ်သို့  ရောက်ရှိပြီး ကွယ်လွန်သူ အမျိုးသား စာဆို ကျေးဇူးရှင်ကြီး ဆရာဒဂုန် တာရာ၏ ကြွင်းကျန်သော ရုပ်ခန္ဓာအား ဂါရ၀ပြုခဲ့ ကြကြောင်း၊ ကျန်ရစ်သူ မိသားစုကို အားပေးစကား ပြောကြားကြောင်းနှင့် ဈာပန ကိစ္စများကို ကူညီဆောင်ရွက် ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံ့ အရေးမှာ ပြည်သူ့ဘက်က အမြဲမားမား မတ်မတ်ရပ်ခဲ့ သလိုငြိမ်းချမ်းရေး အတွက် အမြဲ ရှေးရှုခဲ့သူ အမျိုးသား စာဆိုကြီး ဆရာ ဒဂုန်တာရာ၏ နောက်ဆုံး ခရီးကိုဦးကျော်သူ ကိုယ်တိုင် နီဗ္ဗာန် ယာဉ်မောင်းပို့ ဆောင်ခွင့် ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့ မှာ တောင်ကြီးမြို့  သို့ သွားရောက်ပြီး ပရဟိတ အသင်းအဖွဲ့ များနှင့် တွေ့ ဆုံဆွေးနွေး နေသည့် ဦးကျော်သူမှာ မနက်ဖြန် (သြဂုတ်၂၁ရက်နေ့)မှာ အောင်ပန်းသို့ ပြန်လာပြီး မွန်းလွဲ ၂ နာရီမှာ ကျင်းပမည့် အမျိုးသား စာဆိုကြီး ဆရာကြီးဒဂုန်တာရာ၏ ဈာပန အခန်းအနားတွင် နိဗ္ဗာန် ယာဉ်မောင်းပို့ ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။

ပေါ်ပြူလာ ဂျာနယ်

Post a Comment

 
Top